မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကျောက်စိမ်း
အများဆုံးထုတ်လုပ်သောနိုင်ငံဖြစ်သည်

ကျောက်စိမ်း တစ်ကီလိုဂရမ်သည် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ အဖိုးတန်နိုင်ပြီး ကျောက်စိမ်းနှင့် ကျောက်စိမ်းနှင့် သက်ဆိုင်သော လုပ်ငန်းများကလည်း အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ၍ တန်သည်ဟု ခန့်မှန်းရသည်။ ကျောက်စိမ်းကို ဝယ်ယူသည့် အဓိကဈေးကွက်မှာ တရုတ်နိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံတွင် ရှေးအစဉ်အဆက် ယဉ်ကျေးမှုဓလေ့အရ ကျောက်စိမ်းအား တန်ဖိုးထားသလို တော်ဝန်နန်းဆန်မှုနှင့် တွဲယှဉ်ပြီးလည်း မှတ်ယူကြသည်။ ကမ္ဘာ့အကြွယ်ဝဆုံး ကျောက်စိမ်းတွင်းကြီးများတည်ရှိသော မြန်မာနိုင်ငံမှ ကချင်ပြည်နယ်သည် တရုတ်နိုင်ငံ တောင်ပိုင်းနှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိနေသည်။

ကိန်းဂဏန်းအခြေပြု
ဆောင်းပါးများ ပုံများ နှင့် ကိန်းဂဏန်းဖိုင်များဖြင့် ကျောက်စိမ်းကဏ္ဍကို လေ့လာခြင်း

ဤဝက်ဆိုဒ်သည် နားလည်ရခက်ခဲသည့် ကျောက်စိမ်းကဏ္ဍအား မီးမောင်းထိုး ပြသရန် ရည်ရွယ်ပါသည်။ ဤတင်ပြချက်တွင် ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးလုပ်ငန်းများမှ နောက်ဆုံးရရှိထားသော အချက်အလက်များကို အသုံးပြုထားပါသည်။

ကိန်းဂဏန်းအခြေပြု ဆောင်းပါးများ တွင် ကျောက်စိမ်းကဏ္ဍ၏ မြန်မာနိုင်ငံအပေါ် သက်ရောက်မှုကို အချက်အလက် ပုံဖော်မှုများ၊ သုံးသပ်ချက်များ၊ တွေ့ဆုံမေးမြန်းမှုများ ပါဝင်ပါသည်။

ကိန်းဂဏန်းအခြေပြု ပုံများ အတွက် အသုံးပြုသူများမှ အပြန်အလှန်စမ်းသပ်ရွေးချယ်နိုင်မည့် ပုံဖော်မှုများ (explorable dashboards and interactive visualizations)ကို အသုံးပြုထားပြီး များပြားလှသော ကိန်းဂဏန်းအချက်အလက်များအား အလွယ်တကူ လေ့လာနိုင်စေရန် တင်ပြထားပါသည်။

ကိန်းဂဏန်းဖိုင်များ တွင် သုတေသနပညာရှင်များနှင့် အချက်အလက်များကိုအသုံးပြုပြီး ထပ်ဆင့်လေ့လာလိုသူများ အတွက် ကွန်ပြူတာပရိုဂရမ်နှင့် သုံးသပ်လေ့လာနိုင်မည့်၊ အသုံးပြုရန်အသင့်ဖြစ်နေသော အချက်အလက်များကို စုစည်းပေးထားပါသည်။

လတ်တလော